ဉာဏ်ဦးမောင်

      ကမ္ဘာကျော် ဖျော်ဖြေရေးမြို့တော်၊ တစ်နည်းပြောရရင် လောင်းကစားမြို့တော် လပ်စ်ဗေးဂပ်စ်ကနေ ထွက်လာတော့မနက် ၉ နာရီခွဲ။ နွေလရဲ့ တောက်ပတဲ့ နေရှိန်က ကန္တာရအလယ်မှာတည်ရှိတဲ့ မြို့ပြကို တံလျပ်ရောင် အောက်မှာ အိပ်မောကျနေစေပြီလေ။ တညတာလုံး မီးထိန်ထိန်အောက်မှာ သက်ဝင် လှုပ်ရှားခဲ့တဲ့မြို့က ခုတော့လဲ အသက်ကင်းမဲ့နေဟန်။ လမ်းပေါ်မှာ လူသူကင်းရှင်း၊ မြင်ကွင်းက ခြောက်ခြောက် သွေ့သွေ့၊ တကယ့်ကိုမှ တစ္ဆေမြို့ တစ်ခုအလား။ လပ်စ်ဗေးဂပ်စ်ရဲ့ ထာဝစဉ် တောက်ပနေတဲ့ သစ်လွင်မှုတွေသာ မရှိခဲ့ဘူး ဆိုလျင် တကယ့်ကိုမှ သုဿန်တစပြင် တစ်ခုပမာ ဖြစ်နေမှာ။ ခုတော့ ခမ်းနားကြီးကျယ်ပြီး သစ်လွင် တောက်ပတဲ့ ဟိုတယ်နဲ့ လောင်း ကစားရုံကြီးတွေ၊ ကျယ်ပြန့်ပြီး ဖိတ်ဖိတ် လက်နေတဲ့ ကတ္တရာ လမ်းမကြီးတွေကြောင့်သာ အော် ဒါဟာဖြင့် ခေတ်မီ ခမ်းနားလွန်းတဲ့ မြို့ပါ လားလို့ အမှတ်ပြုမိ ရတာပါ။

 

Read more...

 
up
 
Back