နောက်လေးလလွန်လျှင် ...

အတွေးအလျဉ်သည် ဤနေရာတွင် တန့်ရပ်သွားတတ်မြဲ၊ ဒီနေ့မှစ၍ နောင်လေးလ လွန်မြောက်သွားလျှင်...အစားထိုးမရနိုင်သည့် လောက၏ လပ်ဟာမှုကြီး တစ်ခုသည် မလွဲမသွေ ပေါ်ပေါက်လာတော့မည်။ ထိုအခါ...စိတ်၏ပူဆွေးမှုတို့သည် ညိုးငယ်မှု၊ ခိုကိုးရာမဲ့မှုသို့ အသွင်ပြောင်း သွား တော့သည်။ သောကငြိမ်းသတ်နည်းတို့ကို အကြိမ်ကြိမ် သင်ကြားခဲ့ရဖူးပေမင့် အမှတ်ပြုနိုင်စွမ်း မရှိတော့။ “ကြီးမြတ်လှတဲ့ အာနုဘော်နဲ့ ထိုလေးလ ကို လွန်မြောက်တော်မူပါဘုရား”လို့ ရင်ထဲမှ အခါခါ တောင်းပန် နေမိသည်။

မရနိုင်မှန်း သိပါ၏။ သို့သော် သိမှုက တခြား၊ ဖြစ်လိုတဲ့ ဆန္ဒက တခြားပေပဲ။ ထိုဆန္ဒသည်လည်း အကြီးဆုံး ရှင်မဟာကဿပကအစ ဝင်လာ သစ်စ ထေရ်ရှင်များတိုင်း ရှိကြမည် ဧကန်ပင်။

Read more...

 
up
 
Back