Ashinsirinda
စံကင်းဆရာတော်
စိတ်ဝင်စားလွန်းလို့ အကြိမ်ကြိမ် ပြန်ဖတ်ဖြစ်တဲ့ ထေရုပတ္တိ စာအုပ်တွေထဲမှာ စံကင်းဆရာတော်ရဲ့ ထေရုပ္ပတ္တိ စာအုပ်လည်း တစ်အုပ်အပါအ၀င်ပါ။ ရေးသားပြုစုတဲ့ ဆရာတော်ဦးမာနိတသိရီနဲ့ ဦးနန္ဒမာလာဘိဝံသတို့ကလည်း အရေးကောင်းပါ။ ဒါကြောင့် ကိုယ်နဲ့ နွယ်ရာနွယ်ရာတွေကိုတောင် ပေးဖတ်ဖြစ်ခဲ့ဖူးပါတယ်။ စာအုပ်က ထေရုပ္ပတ္တိစာအုပ် သက်သက် မဟုတ်ပါဘူး။ သာသနာ့သမိုင်း ကြောင်းနဲ့ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွေပါ ပူးတွဲပါနေပါတယ်။ ဘာသာရေးသမိုင်း သုတေသီ တွေအတွက် အဖိုးတန်စာအုပ် တစ်အုပ်ပါ။

up