sayartaw2

ဆရာတော် ဘဒ္ဒ န္တသိရိန္ဒ

မွေးဖွားရာဒေသ

ဆရာတော်ဘဒ္ဒ န္တသိရိန္ဒသည် မန္တလေးတိုင်း တောင်သာမြို့ နယ်၊ ကံရွာနေ ခမည်းတော် ဦးမိုး(ခ)ဦးတင်မောင် မယ်တော် ဒေါ်သန်းခင်တို့ မှ 1963 ခု ၊ ဇွန်လ(၂၁) ရက်၊ 1325 ခု၊ ၀ါဆိုလဆန်း(၁) ရက် ၊ သောကြာနေ့ တွင်ဖွါးမြင်ပါသည်။           

ပဗ္ဗဇ္ဇမင်္ဂလာ

1976 ခု ၊ ဇွန်လ 10 ရက်နေ့ တွင် နောင်ချိုမြို့ သာသနာ့ရောင်ခြည်ကျောင်းတိုက် ဆရာတော် ဦးနန္ဒိယအထံတော်၌ ရှင်သာမဏေပြုလုပ်ခဲ့ပါသည် ၊

ဥပသမ္ပဒမင်္ဂလာ

1983ခု၊ ဧပြီလ ၁၃ ရက် ဗုဒ္ဓဟူးနေ့ တွင် ရွှေကျင်နိကာယဥပဥက္ကဌ တွဲဘက်ရွှေကျင်သာသနာပိုင် ၀ိသုဒ္ဓါရုံပိုက်ကျုံး ဆရာတော် ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ၊ ဧရာဝတီတိုင်း ၊ လပွတ္တာမြို့ ၊ အမှတ်(၄၄) ကမ်းနားလမ်း ၊ ဆန်စက်ပိုင် ဦးညွန့် မောင် ဒေါ်နက်တို့ ၏ပစ္စည်းလေးပါးချီးမြှောက်ထောက် ပံ့မှုဖြင့် လပတ္တာမြို့ ဂေါင်းတော်ကြီးကျောင်း ခဏ္ဍသိမ်တော်၌ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည် ။

ပရိယတ္တိသင်ကြားခြင်း

1978 ခု၊ မေလမှစ၍ 1994 ခုနှစ်အထိ 16နှစ်တိုင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ တိုက်သစ် ၊ စည်ရှင်ကျောင်း၌ ပရိယတ္တိစာပေများကို အခြေခံမှစ၍ သင်ကြား ခဲ့ရာ နိင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း နှင့် သာသနဓဇ ဓမ္မာစရိယ ဘွဲ့ တို့ကိုကို၎င်း ။ ရွှေကျင်နိကာယဗဟိုလ်ဌနမဟာဝိသုဒ္ဓါရုံ တိုက်သစ်မှ ကြီးမှူးကျင်းပသော ၀ိသုဒ္ဓါရုံဝံသပါလ ဓမ္မာစရိယဘွဲ့ တံဆိပ်တို့  ကို၎င်း အသီးသီးရရှိခဲ့ပါသည် ။

ရွှေကျင်နိကာယဗဟိုလ်ဋ္ဌာန- ၀ိသုဒ္ဓါရုံဂဏ၀ါစက စာချ တာဝန်ထမ်းဆောင်ခြင်း

1986 ခုနှစ်မှ 1994 ခုနှစ်အထိ ၀ိသုဒ္ဓါရုံဂဏ၀ါစက နာယကအဖွဲ့ ဝင်အဖြစ် စာပေများပို့ ချခြင်းစသော သာသနာ့တာဝန်များကို ထမ်းဆောင်ခဲ့ပါသည် ။

ပဋိပတ္တိအားထုတ်ခြင်း

1994 ခနှစ် နှင့် 2001 ခုနှစ်များတွင် ရန်ကုန်မြို့ ၊ ပဏ္ဍိတာရာမရွှေတောင် ကုန်းသာသနာ့ရိပ်သာ၌ ၀ိပဿနာတရားများကို နှစ်ကြိမ်တိုင်တိုင်ဆည်းပူး အားထုတ်ခဲ့ပါသည် ။

ပြည်ပသာသနာပြု

1994 ခုနှစ်မှစ၍ 2001 နှစ်အထိ ထိုင်းနိုင်ငံမြောက်ပိုင်း ၊ လမ်းပန်မြို့ ၊ ၀ပ်ပါဖန်

မြန်မာကျောင်းတိုက်၌ ကျေးဇူးတော်ရှင် ၀ပ်ထာ့မအိုးဆရာတော် ဘဒ္ဒ န္တ ဓမ္မာနန္ဒ၏ သြ

ဝါဒကိုခံယူလျှက် မြန်မာကျောင်းများကို ထိမ်းသိမ်းစောင့် ရှောက်ခြင်း ၊ ထိုင်းစာပေများကိုသင်ကြားခြင်းစသော သာသနာ့တာဝန်များကို ထမ်းဆောင်ခဲ့ပါသည် ။

2002 ခုနှစ်၌ ဂျပန်နိုင်ငံ ၊ တိုကျိုမြို့ ၊ မြန်မာထေရ၀ါဒသာသနာပြု  အသင်း၏ ပင့်ဖိတ်ချက်အရ သီတင်းသုံးနေထိုင်လျှက် တရားတော်များ ဟောကြားချီးမြှင့်စသော သာသနာပြုလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည် ။

2003 ခု ၊ ဖေဖော်ဝါရီလ 14 ရက်နေ့ ၌ မြန်မာဘုန်းတော်ကြီးကျောင်း မရှိခဲ့ဘူးသေးသော အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့ ၊ မြန်မာ အမေရိကန် ဗုဒ္ဓဘာသာအသင်းကို ဖွဲ့ စည်း တည် ထောင်ကာ ၊ သိရီမင်္ဂလာကျောင်း ကျောင်းတိုက်၌ ပဓာနနာယကဆရာတော်အဖြစ်ဖြင့် 1323 NE 118th Ave,

Portland, Oregon ၌ သာသနာပြုလုပ်ငန်းများကို ဦးဆောင်၍ စတင်ဆောင် ရွက်ခဲ့ပါသည် ။

2005 ခု ၊ မတ်လ 22 ရက်နေ့ ၌ သာသနာပြုလုပ်ငန်းများပိုမို လွယ်ကူစွာ ဆောင်ရွက်နိုင်စေဘို့ ရည်ရွယ်ကာ ဆရာတော်၏လမ်းညွန်မှု ဖြင့် မြန်မာ အမေရိကန်ဗုဒ္ဓဘာသာ အသင်းသူ အသင်းသားများနှင့်   စေတနာ ရှင် ကုသိုလ်ရှင်များ၏ စုပေါင်းလှူဒါန်းမှုများဖြင့်   12634 NE Russell St ယ Portland, OR 97230 နေရာ၌ ရေရှည်စီမံကိန်းဖြင့် ကျောင်း နေရာသစ် ၀ယ်ယူနိုင်ခဲ့ပါသည် ။

ပရဟိတဆောင်ရွက်ခြင်း

ဆရာတော်သည် တောင်သာမြို့ နယ်၊ ကံရွာ၌ နှစ်ပေါင်းသုံးဆယ်ခန့်  ပျက်စီး ယိုးယွင်းနေသော ကံရွာကျောင်းတော်ကြီးကို အသစ်တဖန်ပြည်လည်၍ ဆရာတော်၏ ဦးဆောင်မတည်လှူဒါန်းကာ အသစ်ဆောက်လုပ်လှူဒါန်းခြင်း၊ ကံရွာ ဘုန်းတော်ကြီးကျောင်းအတွင်း၌ အများပြည် သူများ စိတ်ချမ်း မြေ့စွာ သုံးစွဲနိုင်စေဘို့  စက်ရေတွင်း တူးဖေါ်လှူဒါန်းခြင်း ၊ ရေလှောင်ကန် ၊ ကံရွာ တစ်ရွာလုံး မီးအလင်းရရှိစေဘို့ အင်ဂျင်စက်ဖြင့် မီးများရှိအောင် ဆောင်ရွက် လှူဒါန်းခြင်း ၊ ကံရွာကျောင်းတိုက် တံတိုင်း ၊ မုဒ်ဦးများ၊  ကံရွာ၌ လမ်းပန်း ဆက် သွယ်ရေ အဆင်ပြေချောမွေ့ စေဘို့ မတည်ငွေများလှူဒါန်း၍ ဘူတာများရရှိအောင် ဆောင်ရွက်လှူဒါန်းခဲ့ပါသည် ။

ယခုအခါ ဆရာတော်သည် အမေရိကန်ပြည်ထောင်စု ၊ အော်ရီဂွန် ပြည်နယ် ၊ ပေါ့တလန် မြို့ ၊ သိရိမင်္ဂလာ ဘုန်းတော်ကြီး ကျောင်း၌ သီတင်းသုံးနေထိုင်ကာ အမျိုး ဘာသာ သာသနာအတွက် စွမ်းနိုင်သလောက် ပရဟိတ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည် ။

 
up
 
Back