|
စိတ်ဝင်စားလွန်းလို့ အကြိမ်ကြိမ် ပြန်ဖတ်ဖြစ်တဲ့ ထေရုပတ္တိ စာအုပ်တွေထဲမှာ စံကင်းဆရာတော်ရဲ့ ထေရုပ္ပတ္တိ စာအုပ်လည်း တစ်အုပ်အပါအ၀င်ပါ။ ရေးသားပြုစုတဲ့ ဆရာတော်ဦးမာနိတသိရီနဲ့ ဦးနန္ဒမာလာဘိဝံသတို့ကလည်း အရေးကောင်းပါ။ ဒါကြောင့် ကိုယ်နဲ့ နွယ်ရာနွယ်ရာတွေကိုတောင် ပေးဖတ်ဖြစ်ခဲ့ဖူးပါတယ်။ စာအုပ်က ထေရုပ္ပတ္တိစာအုပ် သက်သက် မဟုတ်ပါဘူး။ သာသနာ့သမိုင်း ကြောင်းနဲ့ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွေပါ ပူးတွဲပါနေပါတယ်။ ဘာသာရေးသမိုင်း သုတေသီ တွေအတွက် အဖိုးတန်စာအုပ် တစ်အုပ်ပါ။
ပါရမီဖြည့်ခြင်း အနုပညာဆိုတာ နှလုံးသားနဲ့ အသိဥာဏ် ကြီးကျယ်မြင့်မြတ်မှုက စတင်ဖြစ် ပေါ်လာတာပါ။ အတ္တခြံစည်းရိုးကို ချိုးဖျက်ပြီး တစ်လောကလုံးကို နေရာပေး မြတ်နိုးနိုင်လောက်အောင် မိမိရဲ့ နှလုံးသားက ကြီးမားကျယ်ပြန့်လာတဲ့အခါ လောက ကျေးဇူးကို သိမြင်ပြီး လောကနဲ့ ၀န်းကျင်ကို ကောင်းကျိုးပြု မြှင့်တင်နိုင်လောက်အောင် မိမိရဲ့အသိဥာဏ်ပညာက ကြီးကျယ်မြင့်မြတ်လာတဲ့အခါ လူသားတစ်ဦးဟာ သူ့ရဲ့ပါရမီခရီးကို စတင်တော့တာပါပဲ။
ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့ပုံရိပ်၊ သူတော်ကောင်းတွေရဲ့နှလုံးသား၊ သူတော်စင် တွေရဲ့စရဏဖြစ်ပေမဲ့ မြင့်မြတ်သူတွေနဲ့ သာမန် လူတွေရဲ့ ကြားမှာ ကာရံစည်းခြားထားတဲ့ နံရံတံတိုင်း ကြီးတစ်ခုတော့ မဟုတ်ပါ။
+ မေတ္တာရနံ့ ထုံသင်းပျံ့တဲ့ ပွင့်သစ်စပန်းကလေးတွေ ဖြစ်လာစေဖို့….. + ပွင့်သစ်တဝေေ၀ ကျက်သရေတွေတင့် မြှင့်နေစေဖို့….. + ဆရာမိဘ လူကြီးသူမတွေကို ရိုသေလေးစား မြတ်နိုးထားတတ်စေဖို့….. + ကာယကံ၊ ၀စီကံ၊ မနောကံတွေ ယဉ်ကျေးစေဖို့….. + မြန်မာစာ မြန်မာစကားကို လေးစားမြတ်နိုး တန်ဖိုးထားတတ်စေဖို့….. + အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေဖို့….. + မြန့်မာမြေ မြန့်မာရေက ဖူးပွင့်လာတဲ့ သားကောင်း၊ သမီးကောင်း ရတနာလေးတွေ ဖြစ်လာစေဖို့… + ယနေ့လူငယ်၊ နောင်ဝယ်လူကြီး၊ သင်လည်းတစ်ဦး၊ သားထူးသားမြတ်၊ ဖြစ်အပ်ရာသည်ဆိုတဲ့ ဆရာဇော်ဂျီရဲ့စကား တာသွားစေဖို့….. မှတ်ချက်။ Read more ကို ကလစ်၍ ဖိတ်စာအကျယ်ကို ဖတ်ရှုရန်။
|
- ဆရာတော်ဦးဗုဓ် နှင့် နန်းမတော်မယ်နု
- ခန္ဓာကိုယ်တွင်း ချိန်ပီယံဘောလုံးပွဲ
- တဘ၀စံဖို့
- ကိုယ်စိတ်နာကျင် ဘေးရန်ကင်းဝေး မြတ်သတိပဋ္ဌာန်ဆေး
- ငါလည်းတစ်နေ့ သူတို့လို
- ဒေါသဖြေနည်း
- မဟာသွေးစည်းမှု
- အမှောင်မှ အလင်းသို့
- နှလုံးသားဝယ်ဘုရားတည်(၂)
- ဥပုသ်သည်နဲ့ နတ်ပြည်
- အရှင်ခေမာစာရနဲ့ မင်းကြီးစွာစော်ကဲ
- “ ရဲစိတ်တင့်သူနှင့် ခဲဆိပ်သင့်သူ”
- yellowstone national park အမှတ်တရဓာတ်ပုံများ
- ရောင်စုံပန်းချီကား
- 2010 သိရီမင်္ဂလာကျောင်း ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့်ရှင်ပြုပွဲဓာတ်ပုံများ





up