Live Video & Audio

 

"Get the Flash Player" "to see this gallery."

လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား အကြင်သူတို့သည် စိတ်နှလုံးကို ရွှင်ပြုံးစေတတ်ကုန်သော အပြစ်မျိုးမှ သန့်ရှင်းကုန်သော အစီးအပွားနှင့် စပ်ကုန်သော အရှင်ဘုရား၏ ချိုမြိန် သာယာဖွယ်သော တရားစကားတော်တို့ကို ကြားနာ ကြရကုန်၊ ထိုသူတို့သည် ဘုန်းကံကြီးမားသူတို့ ပါပေတည်း။(မဟာပဇာပတိ ဂေါတမီ)

တရားဆိုတာ လူ့ဘ၀တစ်ခုလုံးကို လွှမ်းခြုံနေတဲ့ အရာပါ၊ သူက အမြင်ကို ကျယ်ပြန့်စေပါတယ်။ နှလုံးကို ကြီးမားစေပါတယ်။ မြင့်မြတ်မှုအတွက် စံပြုထိုက်တဲ့ ဘ၀နေနည်းတစ်ခုဖြစ်သလို နှလုံးစိတ်ဝမ်းကို အေးချမ်းကြည်လင်   ဖြူစင် သန့်ရှင်း ပြုံးပျော်စေနိုင်တဲ့ နိဿရည်းကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ အရာရာမှာ ကောင်းကျိုးပေးတတ်တဲ့ ဒီတရားဟာ အားလုံးအတွက်ဖြစ်ပါတယ်။

Read more...

 

အားလုံး ကြားဖူးတဲ့ ၀တ္ထုလေးကို ပြန်အာရုံ ပြုကြည့် ရအောင်ပါ။ လောကသ တိဿ မထေရ်လောင်းဟာ ဘ၀တစ်ခုကResized_Ywn 2 ရဟန္တာ အရှင်မြတ်တစ်ပါးကို ဣဿာ မစ္ဆရိယ ဖြစ်ပြီး ကာယကံမြောက် ကျူးလွန် ခဲ့ပါတယ်။  အဲဒီ အကုသိုလ် ကံကြောင့်ပဲ ဘ၀များစွာ ဆင်းရဲ ဒုက္ခကြီးစွာ ခံစားခဲ့ရ ပါတယ်။

Read more...

 

အရှင်ဉာဏိကာဘိဝံသ

(ကာလီဖိုးနီးယားတက္ကသိုလ်)

နံနက်စောစော လမ်းလျောက်တဲ့အခါတိုင်း Good morning ဒါမှမဟုတ် Morningဆိုတဲ့ နှုတ်ဆက်စကားကို မျက်နှာချင်းဆိုင် လျှောက်လာသူ၊ ပြေးလာသူတွေဆီကဖြစ်စေ။ နောက်ကနေ ကိုယ့်ကိုယ် ဖြတ်ကျော်ပြေးသွားသူတွေ ဆီကဖြစ်စေ။ အိမ်ရှေ့မြက်ခင်း စိမ်းစိမ်းတွေကို ရေလောင်းနေသူတွေဆီက ဖြစ်စေ။ အလုပ်သွားဖို့ ကားပေါ်တက်လုဆဲဆဲ သူတွေဆီကဖြစ်စေ၊ အမြဲလိုလို ကြားရတတ်တယ်။ သူတို့ကဦးလျင် သူတို့ကနှုတ်ဆက်၊ ကိုယ်ကဦးလျင် ကိုယ်ကဆက်။ သစ်လွင်လန်းဆန်းတဲ့ နေ့သစ်တစ်နေ့အတွက် ခွန်အားသစ်တို့ ဖြစ်စေနိုင်သော လှပတဲ့ယဉ်ကျေးမှု အစဉ်အလာ ကောင်းတစ်ခုပေါ့။

Read more...

 
up
 
Back