|
ိ
လောကရှိ သတ္တ၀ါတို့သည် ကောင်းမှု၊ မကောင်းမှုတို့ကို လုပ်ဆာင်ကြစဉ် စေ့ဆော် တိုက်တွန်းသည့် စေတနာများ ပါဝင်လျက်ရှိကြသည်။ စေတနာသည် နာမ်တရားတို့၏ သဘာဝအတိုင်း မျက်စိတစ်မှိတ် လျှပ်တပျက်အတွင်း ကုဋေတစ်သိန်းမက ချုပ်ပျောက်၍ သွားပေသည်။ ထိုသို့ ချုပ်ပျောက် သွားရာတွင် အမှတ်တမဲ့ ချုပ်ပျောက်သွားသည် မဟုတ်၊ ဖြစ်ပေါ်လာသည့် စေတနာတိုင်းမှာ အကျိုးတရားကို ပေးဆောင် နိုင်သည့် သတ္တိများ(ကမ္မသတ္တိများ) ပါရှိနေ၏။ မျိုးပေစ့များမှာ အပင်ပေါက်သည့် အစွမ်း သတ္တိ များပါရှိနေ သလိုပင်ဖြစ်သည်။ စေတနာတရား ချုပ်ပျောက် သွားသည့်အခါ အကျိုးကို ပေးဆောင်သည့် အစွမ်းသတ္တိကို ချန်ထားပြီးမှ ချုပ်ပျောက်သွားခြင်းဖြစ်ရာ ထို အစွမ်းသတ္တိသည် အကြောင်းညီညွတ်မှုနှင့် တွေ့ခဲ့သော် အကျိုး တရားကို ပေးဆောင်တော့သည်။
တရားလုံးစုံ။ အကုန်သိမြင်၊ ဘုရားရှင်ဂုဏ်၊ စိတ်ဝယ်ထုံထား၊ နှလုံးသား ဘုရားတည်ပါ၏။
+လူ့နှလုံးသား၊ ဘုရားမတည်၊ စိတ်ရှုတ်ဖွယ်၊ တကယ်ပူလှ၏။ + နှလုံးသားဝယ်၊ ဘုရားတည်ငြား၊ လူ့စွမ်းအား၊ ထူးခြားမြင့်တက်၏။ တစ်ခါတုံးက ရွာတစ်ရွာမှာ“ဖိုးထိန်”ဆိုတဲ့ လူတစ်ယောက်ရှိတယ်၊ “ဘုရားတည်ရန်” ဆိုတဲ့ အတိတ်နဲ့ ထီထိုးသတဲ့၊ ထီဖွင့်တော့ တစ်သိန်းဆု ပေါက်တယ်၊ သူ့ရည်ရွယ်ချက်ရှိတဲ့အတိုင်း ဘုရားတည်ဖို့ စီစဉ်တယ်။ မြေတစ်နေရာ ငါးသောင်း ပေးဝယ်လိုက်တယ်။ ကျန်ငါးသောင်းနဲ့ မတည်ပြီး ဘုရားတည်မယ်ပေါ့။
|
- သေမင်းကို ရွေးချယ်ခွင့်ရခဲ့လျှင်
- သွားရင်းဟန်လွှဲ
- ကန္တာရအ၀ှမ်း ပန်းပွင့်ခဲ့ပြီ
- သုဂတဂုဏ်ရှင်
- တောတောင်ရေမြေ အလှဝေမှ
- "ယောက္ခမ နဲ့ ချွေးမ"
- တောင်ဆီက မောင်နီ
- " ဘ၀ထဲက ဘာဝနာ "
- မင်္ဂလာအတွေးများ (၂၉)
- "ဒါလည်းပြီးသွားမှာပါ"
- တထာဂတရဲ့ အလိုတော်
- "သံသာလေကမ်းတိုင်(အစစ်)"
- ဒုက္ခတွေ့ချင်တဲ့ မျောက်
- အမိုးမရှိတဲ့ လိုဏ်ဂူ ၊ သစ်ပင် မထူတဲ့ တောအုပ် (သို့) ဘရိုက်စ် ကင်ညန်
- ဂရင်းကင်ညန် (သို့) ကန္တာရရဲ့ မြမျက်ချယ်





up