|
တရားမမြင်၊ ဘုရားပင်၊ မမြင်ကွယ်ပျောက်ပါ။ တရားမြင်မှ၊ မြတ်ဗုဒ္ဓ၊ မုချမြင်နိုင်ပါ။ ဘုရားမမြင်၊ တရားပင်၊ မမြင်ကွယ်ပျောက်ပါ။ ဘုရားမြင်မှ၊ မြတ်ဓမ္မ၊ မုချ မြင်နိုင်ပါ။ ဘုရားမမေ့၊ တရားမွေ့၊ ကြုံတွေ့သာသနာ။ တရားမြင်သော်၊ သံဃာတော်လည်း၊ မြင်ရမြဲ၊ ထူးကဲရတနာ။ နှလုံးသားဝယ်၊ဘုရားတည်၊ တကယ်စွမ်းတဲ့ လူသားပါ။ လောကဟာ လူနောက်ကို မလိုက်ပါဘူး၊ လူကသာ လောကနောက်ကို မောနေအောင် လိုက်နေရပါတယ်။ လောကဆိုတာကလည်း စည်းသေ အောင်ခတ်ထားခြင်းမရှိ၊ ပေါ်လိုက် ပျောက်လိုက်၊ မြင့်လိုက် နိမ့်လိုက်၊ တက်လိုက်၊ ကျလိုက်၊ အေးလိုက် ပူလိုက်၊ တိုးလိုက် ဆုတ်လိုက်၊ ဘာကိုမှ ပုံသေ ဆုပ်ကိုင်ထားလို့မရ။
ဝါတွင်းကာလတွေမှာ ဗုဒ္ဓမြတ်စွာရဲ့ သာသနာယဉ်ကျေးမှု ၀ိနည်းတော်အရ ရဟန်းတော်တွေဟာ ၀ါဆိုဝါကပ်ကြရပါ တယ်။ သံဃာတော် အရှင်မြတ်တွေရဲ့ မြင့်မြတ်တဲ့ ဒီဓလေ့ကို အတုယူ အားကျကာ ဗုဒ္ဓသာသနာဝင် ဥပါသကာ၊ ဥပါသိကာမ တွေကလည်း ၀ါတွင်းကာလမှာ ဥပုသ်သီလကို ဆောက် တည် ကျင့်သုံးကြပါတယ်။ ဥပုသ်စောင့်သုံးမှုဟာ ဖြူစင်တဲ့ ကိုယ်ကျင့် တရားနဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို ခိုင်မာမြဲမြံစေတာမို့ လောက၊ ဓမ္မ နှစ်ဖက်လှတဲ့ အစဉ်အလာကောင်းတစ်ခုပဲဖြစ်ပါတယ်။ အလွန်တရာ မြတ်နိုး တန်ဖိုးထားတိုက်တဲ့ ဘာသာရေး ယဉ်ကျေးမှု အမွေအနှစ် တစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာ့ရာဇ၀င်ဇာတ်ခုံပေါ်မှာ အပြုအမူမျိုးစုံ၊ အပြောအဆိုမျိုးစုံ၊ အတွေးအခေါ်မျိုးစုံနဲ့ မင်းများစွာ ပြုမူလှုပ်ရှား သွားခဲ့ကြပါတယ်။ ပရိသတ် အားကျတဲ့မင်း ပရိသတ် နှစ်သက်တဲ့မင်း၊ ပရိသတ် တသသဖြစ် ကျန်ရစ်တဲ့မင်း တွေရှိခဲ့သလို ပရိသတ် စက်ဆုပ်တဲ့မင်း၊ ပရိသတ် မသတီတဲ့မင်း၊ ပရိသတ် အားမရတဲ့ မင်းတွေလည်း ရှိခဲ့ပါ တယ်။
|
- “ ရဲစိတ်တင့်သူနှင့် ခဲဆိပ်သင့်သူ”
- yellowstone national park အမှတ်တရဓာတ်ပုံများ
- ရောင်စုံပန်းချီကား
- 2010 သိရီမင်္ဂလာကျောင်း ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့်ရှင်ပြုပွဲဓာတ်ပုံများ
- သိရီမင်္ဂလာကျောင်း ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် စုပေါင်းရှင်ပြုပွဲ အမှတ်တရဓာတ်ပုံများ
- ကံနှင့်စပ်၍ သိမှတ်ဘွယ်
- နှလုံးသားဝယ်ဘုရားတည်
- သေမင်းကို ရွေးချယ်ခွင့်ရခဲ့လျှင်
- သွားရင်းဟန်လွှဲ
- ကန္တာရအ၀ှမ်း ပန်းပွင့်ခဲ့ပြီ
- သုဂတဂုဏ်ရှင်
- တောတောင်ရေမြေ အလှဝေမှ
- "ယောက္ခမ နဲ့ ချွေးမ"
- တောင်ဆီက မောင်နီ
- " ဘ၀ထဲက ဘာဝနာ "





up