|
ဤလောကသို့ လူသားအဖြစ် ရောက်လာကြသော လူများတွင် လူအမျိုးမျိုးပုဂ္ဂိုလ်ထွေ ထွေရှိခဲ့ပါသည်။ ထိုရောက်လာကြသော ပုဂ္ဂိုလ့များနှင့် ပတ်သက်၍ ဗုဒ္ဓက အင်္ဂုတ္ထိရ်၊ စတုက္ကနိပါတ်၊ မစလ၀ဂ်၌ ပုဂ္ဂိုလ်(၄)မျိုးကို ထုတ်ဖေါ်ဟောကြားခဲ့သည်မှာ မှတ်သားဖွယ်ရာ ကောင်းသလို လူသားများသည် မိမိတို့၏ လူ့ဘ၀ကို ဆန်းစစ်နိုင်ပြီ မြင့်မြတ်သော လူသားမဖြစ်သေးဘူးဆိုလျှင် ဖြစ်အောင် ကြိုးစား အားထုတ်နိုင်ကြမည်ဖြစ်ပါသည်။ ဗုဒ္ဓဟောကြားသော ပုဂ္ဂိုလ်(၄)မျိုးမှာ-
တရားမမြင်၊ ဘုရားပင်၊ မမြင်ကွယ်ပျောက်ပါ။ တရားမြင်မှ၊ မြတ်ဗုဒ္ဓ၊ မုချမြင်နိုင်ပါ။ ဘုရားမမြင်၊ တရားပင်၊ မမြင်ကွယ်ပျောက်ပါ။ ဘုရားမြင်မှ၊ မြတ်ဓမ္မ၊ မုချ မြင်နိုင်ပါ။ ဘုရားမမေ့၊ တရားမွေ့၊ ကြုံတွေ့သာသနာ။ တရားမြင်သော်၊ သံဃာတော်လည်း၊ မြင်ရမြဲ၊ ထူးကဲရတနာ။ နှလုံးသားဝယ်၊ဘုရားတည်၊ တကယ်စွမ်းတဲ့ လူသားပါ။ လောကဟာ လူနောက်ကို မလိုက်ပါဘူး၊ လူကသာ လောကနောက်ကို မောနေအောင် လိုက်နေရပါတယ်။ လောကဆိုတာကလည်း စည်းသေ အောင်ခတ်ထားခြင်းမရှိ၊ ပေါ်လိုက် ပျောက်လိုက်၊ မြင့်လိုက် နိမ့်လိုက်၊ တက်လိုက်၊ ကျလိုက်၊ အေးလိုက် ပူလိုက်၊ တိုးလိုက် ဆုတ်လိုက်၊ ဘာကိုမှ ပုံသေ ဆုပ်ကိုင်ထားလို့မရ။
|
- ဥပုသ်သည်နဲ့ နတ်ပြည်
- အရှင်ခေမာစာရနဲ့ မင်းကြီးစွာစော်ကဲ
- “ ရဲစိတ်တင့်သူနှင့် ခဲဆိပ်သင့်သူ”
- yellowstone national park အမှတ်တရဓာတ်ပုံများ
- ရောင်စုံပန်းချီကား
- 2010 သိရီမင်္ဂလာကျောင်း ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့်ရှင်ပြုပွဲဓာတ်ပုံများ
- သိရီမင်္ဂလာကျောင်း ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် စုပေါင်းရှင်ပြုပွဲ အမှတ်တရဓာတ်ပုံများ
- ကံနှင့်စပ်၍ သိမှတ်ဘွယ်
- နှလုံးသားဝယ်ဘုရားတည်
- သေမင်းကို ရွေးချယ်ခွင့်ရခဲ့လျှင်
- သွားရင်းဟန်လွှဲ
- ကန္တာရအ၀ှမ်း ပန်းပွင့်ခဲ့ပြီ
- သုဂတဂုဏ်ရှင်
- တောတောင်ရေမြေ အလှဝေမှ
- "ယောက္ခမ နဲ့ ချွေးမ"





“သာကီဝင်မင်းမျိုးရဲ့ လည်ချောင်းသွေး တစ်စက်… တစ်စက်ကို လယ်တစ်ကွက်စာ ရေအပြည့် ပေးမယ် ဆိုရင်တောင် မလဲနိုင်ကြ လောက်အောင် အဖိုးအနဂ္ဃထိုက်တန်လှတဲ့ ခတ္တိယ နွယ်ရိုး သာကီမျိုးတို့ရဲ့ သွေးများကို ဘာကြောင့် အချည်းနှီး ယိုစီး စေလိုကြသလဲ”ဆိုတဲ့ မေးခွန်းကို ဘုရားရှင်က တိုက်ရိုက်မေးတော် မူလိုက်တဲ့အခါတော့ စစ်ပြင်နေကြတဲ့ ကပိလ၀တ္ထုနဲ့ ကောလိယ နှစ်နိုင်ငံ သာကီဝင်မင်းများဟာ ဘာစကားမှ ပြန်မလျှောက် ၀ံ့ကြတော့ဘဲ အမှားကိုယ်စီကို သံဝေဂရကာ ဘုရားရှင်ရှေ့မှောက်မှာ ဦးခေါင်း ငိုက်စိုက်ချပြီး ဒူးတုပ်လို့သာ နေကြပါတော့တယ်။
up