|
ရုပ်ရေ ချောမောလှပလို့ အလှမာန်ဝင့်ကြသူလေးတွေကို တွေ့ရလေတိုင်း အလွန်လှပြီး အလွန်အလှမာန်ဝင့်ခဲ့တဲ့ ခေမာမိဖုရားနဲ့ ဇနပဒကလျာဏီတို့ကို သတိရမိတယ်။ ရုပ်အလှရဲ့ အပြစ်တွေကို ဟောကြားတဲ့ ဘုရားရှင်ထံ သူတို့နှစ်ဦးဟာ မသွားချင် ကြဘူးလေ။ ခေမာ ဟာ ဝေဠုဝန်ကျောင်းဒကာ ဗိမ္ဗိသာရ ရဲ့ မိဖုရားဆိုတော့ ဘုရားရှင်ရဲ့ ကျောင်းဒကာမ ပေါ့။ ဇနပဒ ကလျာဏီဆိုတာကလည်း ဘုရားရှင်ရဲ့ အဖေတူ အမေကွဲ ညီမလေးပဲ။ သူတို့နှစ်ဦးဟာ ခေ တော့ မခေကြဘူး။ ဘုရားတရားကို နာရတော့လည်း ရဟန္တာမကြီးတွေ ဖြစ်သွားကြတယ်။
ခြားစားခံနေရတဲ့ အိမ်တစ်လုံဟာ နောက်ဆုံးမှာ ဗုန်းဗုန်းလဲကာ ပြိုကျပျက်စီး သွားရတာပါပဲ။ အိမ်ကို ခြစားလာရင် ခြမစားအောင် လုပ်ဖို့ အိမ်ပိုင်ရှင်မှာ တာဝန် ရှိနေ ပါတယ်။ ခြစားနေတာကို လျစ်လျူရှုကာ ဂရုမစိုက်ဘဲထားရင် အိမ်ရှင်ဟာ မကြာခင် ဒုက္ခ ရောက်ရပါလိမ့်မယ်။ နေရေးထိုင်ရေးအတွက် အခက်တွေ့ ပင် လယ်ဝေလာပါလိမ့်မယ်။ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာဝင်တွေကို ဘာသာခြားတွေက နည်းအမျိုးမျိုးနဲ့ ဆွဲဆောင် သိမ်းသွင်းလို့ အခြားဘာသာတွေ နောက်ကို ကောက်ကောက်ပါသွား နေကြ တာကို ကျေးရွာ အနှံ့အပြား၊ မြို့အနှံ့အပြားတွေမှာ မကြာချင်ဘဲ ကြားကြားနေရပါတယ်။ မကြားချင်အဆုံးပါပဲ။ "ဘယ်မြို့က ဗုဒ္ဓဘာသာဝင်မိန်းကလေးတစ် ယောက် ဘာသာ ခြားနောက် ပါသွားသတဲ့"
တစ်ချိန်မျာ အရှင်အနုရုဒ္ဓါက ရဟန်း ၅၀၀ နဲ့အတူ ကပိလ၀တ်ကို သွားပါတယ်။ အဲဒီအခါ သူ့ဆွေမျိုးတွေက"မထေရ် ကြွလာပြီ" လို့ ကြားပြီး မထေရ်ထံ လာကြတယ်။ မထေရ်ရဲ့ နှမ ရောဟိနီကတော့ မလာပါ။ မထေရ်က ဆွေမျိုးတွေကို မေးပါတယ်။ " ရောဟိနိ၊ ဘယ်မှာလဲ" " အိမ်ထဲမှာပါဘုရား " ဘာကြောင့်ဒီကို မလာတာလဲ" "သူမရဲ့ ခန္ဓာကိုယ်မှာ ကိုယ်ရေပြားရောဂါ ဖြစ်ပေါ်နေလို့ ရှက်တဲ့ အတွက် မလာတာပါဘုရား" " သူမကို ခေါ်လိုက်ကြပါ" မထေရ်က အခေါ်ခိုင်းပြီး အ၀တ်သင်တိုင်းကို စွပ်ကာ လာတဲ့ ရောဟိနီကို မေးပါတယ်။ " ရောဟိနီ ဘာလို့မလာတာလဲ" "တပည့်တော်မရဲ့ ခန္ဓာကိုယ်မှာ အရေပြားရောဂါဖြစ်ပေါ်နေလို့ ရှက်တဲ့အတွက် မလာတာပါ ဘုရား" " သင်ဟာ ကောင်းမှုကို မလုပ်သင့်ဘူးလား "
|
- ဒုက္ခကို တစ်လွှာခြင်း ခွာကြည့်ခြင်း
- မကျယ်မ၀န်း အလယ်လမ်း
- တရားဦးကို ချဉ်းကပ်နာယူခြင်း
- နှစ်မသတ်ပါနှင့် ချစ်တတ်ပါစေ
- မွေးနေ့မှာ ပေးဖြစ်တဲ့ ကံလက်ဆောင်
- မေတ္တာသည်သာ
- အခွင့် နှင့် အရေး
- သားသမီးကောင်းမိဘဖြစ်ကြဖို့
- မင်္ဂလာ နဲ့ အိမ်ထောင်
- သဲသဲကွဲကွဲ နဲ့ မသဲမကွဲ
- ထူးထူးခြားခြားဆရာတော်များ
- ရွှေရတု သြ၀ါဒကထာ
- ဆွေစကား မျိုးစကား ပေါ့ပေါ့ ပါးပါး
- သတိပဋ္ဌာန်
- နှစ်ခါကြားဖူးတဲ့ စကားတစ်ခွန်း





up