|
ဤလောကရှိ လူသား အားလုံးတို့က နာကျင်တတ်သော သဘောကို ရောဂါဟု သိနေကြသည်။ ရောဂါ ဖြစ်သည်ကို ဝေဒနာခံ စားရသည် ဟူ၍လည်း ပြောဆို တတ်ကြပါသည်။ ရောဂါဟုဆိုလျှင် ခန္ဓာကိုယ်ပေါ်၌ ဖြစ်တတ်သော ကိုယ်ရောဂါ တစ်မျိုးတည်းကိုသာ ထင်မြင်ယူဆတတ်ကြပါသည်။ အချို့က ရောဂါဆိုလျှင် စိတ်နှင့်မဆိုင် ကိုယ်နှင့်သာ ဆိုင်သည်ဟု ထင်မှတ် ပြောဆို တတ်ကြပါသည်။ သို့ရာတွင် တစ်ဦးက တစ်ဦးအပေါ် ၀တ္တရားပျက်လျှင်ဖြစ်စေ၊ မတရားပြုကျင့်လျှင်ဖြစ်စေ၊ အပြုကျင့်ခံရသူက စိတ်နာသည်၊ နာကျည်းသည်ဟု ပြောဆိုသည်ကိုမူ လက်ခံတတ်ကြပါသည်။ နာကျင်ခြင်းနှင့် ပတ်သက်၍ ဘုရားရှင်က ခန္ဓသံယုတ်၌ (၃)မျိုး ဟောကြားထား ပါသည်။
“၉၅၊ ၈၄၊ ၇၂၊ ၇၃၊ ၈၁၊ ၆၄၊ ၆၃၊ ၆၈၊ ၃၅၊ ၃၁၊ ၄၇၊ ၄၃၊ ၅၁၊ ၂၂၊ ၃၊ ၄၆၊ ၆၉၊ ၇” အထက်ပါဂဏန်းသင်္ချာတို့ကား အခြားမဟုတ်၊ နေ့စဉ်ထုတ်သတင်းစာ နာရေးကဏ္ဍတွင် တွေ့မြင်နေရသော သေဆုံးသူတို့၏ အသက်တို့ပင်ဖြစ်၏။ ထိုအထဲ၌ အသက်အရွယ်ကြီးရင့်သူများပါသလို အသက်အရွယ် ငယ်ရွယ်သူများလည်း ပါဝင်ပေ၏။ ကျော်ကြားသူများ ပါသလို သာမန် လူများလည်း ပါဝင်ပေ၏။ တစ်ဖန် ရာထူးဂုဏ်သိမ်မြင့်မားကာ အခြွေအရံအသင်းအပင်း ၀န်းရံနေသောသူများ ပါသလို ရာထူးဂုဏ်သိမ်မရှိ၊ အခြွေအရံအသင်း အပင်းကင်းသော သူတို့လည်း ပါဝင်ပေ၏။ အချို့ကား လူ့ဘ၀ပင် ဘယ်လိုနေမှန်း မသိသေး။ နာရေးကဏ္ဍ၌ ပါဝင်နေ၏။ ထိုမြင်ကွင်းကား တစ်ရက်မဟုတ်၊ နေ့စဉ်မြင်တွေ့နေရသော မြင်ကွင်းဖြစ်၏။
သံသရာဆွေမျိုး ထိုကဲ့သို့ ဘုရားလောင်းလျာ ကျင့်သုံးခဲ့သော ကျင့်စဉ်ဂုဏ်များကို နှလုံးသွင်း၍ ဒေါသဖြေဖျောက်ရန် ကြိုးစားသော်လည်း ဒေါသမငြိမ်းအေးလျှင် အနမတဂ္ဂိယ သုတ်တော်တို့ကို ဆင်ခြင်စဉ်းစား၍ ဒေါသကိုဖြေဖျောက်ရပါမည်။ အနမတဂ္ဂိယ သုတ်တော်ဟူသည် သံသရာဝယ်ကျင်လည်ရစဉ် အမေ မဖြစ်ဘူးသောသူ၊ အဖေ မဖြစ်ဘူးသောသူ၊ အစ်ကို မဖြစ်ဘူးသောသူ၊ ညီ မဖြစ်ဘူးသောသူ၊ အစ်မ မဖြစ်ဘူးသောသူ။ ညီမ မဖြစ်ဘူးသောသူ၊ သားမဖြစ်ဘူးသောသူ၊ သမီးမဖြစ်ဘူးသော သူဟူသည် မရှိပေ။ ဆွေမျိုး တော်စပ် ဘူးကြသည်သာ ဖြစ်သည်ဟု ဟောကြားသော သုတ်တော်တည်း။
|
- မဟာသွေးစည်းမှု
- အမှောင်မှ အလင်းသို့
- နှလုံးသားဝယ်ဘုရားတည်(၂)
- ဥပုသ်သည်နဲ့ နတ်ပြည်
- အရှင်ခေမာစာရနဲ့ မင်းကြီးစွာစော်ကဲ
- “ ရဲစိတ်တင့်သူနှင့် ခဲဆိပ်သင့်သူ”
- yellowstone national park အမှတ်တရဓာတ်ပုံများ
- ရောင်စုံပန်းချီကား
- 2010 သိရီမင်္ဂလာကျောင်း ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့်ရှင်ပြုပွဲဓာတ်ပုံများ
- သိရီမင်္ဂလာကျောင်း ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် စုပေါင်းရှင်ပြုပွဲ အမှတ်တရဓာတ်ပုံများ
- ကံနှင့်စပ်၍ သိမှတ်ဘွယ်
- နှလုံးသားဝယ်ဘုရားတည်
- သေမင်းကို ရွေးချယ်ခွင့်ရခဲ့လျှင်
- သွားရင်းဟန်လွှဲ
- ကန္တာရအ၀ှမ်း ပန်းပွင့်ခဲ့ပြီ





up