မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)
ချစ်မိလေသောအခါ
IMG 8526
ရဝေနွယ်(အင်းမ)
 သီဟိုဠ်ကျွန်းမှာ ဒုဋ္ဌဂါမဏိမင်းကြီးရဲ့ ငရုပ်သီးတစ်တောင့်ကျောာင်း ရေစက်ချပွဲဟာ သမိုင်းတွင် ရစ်အောင် စည်ကားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ငရုပ်သီး တစ်တောင့်ကျောင်း  ရေစက်ချပွဲမှာ ရဟန်းတော် တစ်သိန်း၊ ဘိက္ခုနီမ ကိုးသောင်းပင့်ပြီး လှူဘွယ်ဝတ္ထုများစွာနဲ့ အကြီးအကျယ် ပေးလှုခဲ့ပါတယ်။  အဲဒီ အလှုမှာပဲ  ရေစက်ဆုံခဲ့ကြသူနှစ်ဦးရဲ့ ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာ တစ်ခုအဖြစ် ပူးတွဲသမိုင်းတွင် ကျန်ရစ်ခဲ့ပါတယ်။
.
  ဒုဋ္ဌဂါမဏိမင်းကြီးဟာ သိတ်တဲ့အရွယ်ကစပြီး စားဦးကို မလှုဘဲ ထမင်းစားလေ့မရှိပါဘူး၊ ဒီလိုနဲ့ တစ်နေ့တောထဲမှာ စစ်တိုက်ရင်း ပွဲတ်ေတည်တဲ့အခါ စား ဦး ကို မလှူရသေးဘဲ ငရုပ်သီးတစ်ထောင့်ကို အမှတ်တမဲ့ စားလိုက်မိပါသတဲ့ ၊ ဒုဋ္ဌဂါမဏိမင်းကြီးက ဒီအမှတ်တမဲ့ စား လိုက်မိတာလေးကိုပဲ သတိတရ ရှိနေခဲ့ပါတယ်။
စစ်ကြိး ပြီးဆုံးလို့ တိုင်းပြည် အေးချမ်းတဲ့အခါ ငရုပ်သီး တစ်တောင့် စားလိုက်မိတာလေး ကို ကိုယ့်ကိုယ်ကို ဒဏ်ခတ်တဲ့အနေနဲံ ကျောင်းတိုက်ကြီးတစ်တိုက် ဆောက်လုပ် လှုဒါန်းပါ တယ်။ ကျောင်းတိုက်အမည်ကိုလဲ ငရုပ်သီးတစ်တောင့် ကျောင်းလို့ အမည်ပေးပါတယ်။
        အဲဒီ ငရုပ်သီးတစ်ထောင့်ကျောင်းတိုက် ရေစက်ချပွဲမှာ ခုနှစ်နှစ်အရွယ် ကိုရင် လေးတစ်း ပါးဟာ ယဂုပူပူတွေကို သပိတ်နဲ့ အပြည့် ခံယူလာပါတယ်၊ ယာဂုကပူတော့ သပိတ်ကို သင်္ကန်း စွန်းလေးနဲ့ ခုကိုင်လိုက်၊ မကိုင်နိုင်လောက်အောင် ပူလာတဲ့အခါ ကျ တော့ မြေကြီးပေါ် ခဏ ချထားလိုက်နဲပဲ ဖြစ်နေပါတယ်။
        ကိုရင်လေးဖြစ်နေပုံကို ခပ်လှမ်းလှမ်းက ကိုရင်လေးနဲ့  သက်တူရွယ်တူ ခုနှစ်နှစ်အရွယ် သာမဏေမလေးက မြင်သွားပါတယ်၊ ဒါကြောင့် ကိုရင်လေးဆီး သွားပြီး----
"ကိုရင်…. ပူနေရင် တပည့်တော်မရဲ့ ဒီခံခွက်ကလေးနဲ့ သပိတ်အောက်က ခံကိုင်သွားပါဘုရား၊ ပြီးတော့ ဒီခံခွက်ကလေးကို ကိုရင့်ကို အပြီးလှုလိုက်ပါတယ်ဘုရား" လို့ပြောပြီး ကိုရင်လေးရဲ့ အခက်အခဲကို ဖြေရှင်းပေးလိုက်ပါတယ်။
        ကိုရင်လေးကလဲ ကျေးဇူးတင်ပါတယ်ဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့်လိုက်ပါသတဲ့။
        ဒီလိုနဲ့ နှစ်ကာလတွေ ကြာသွားရောပဲ ဆိုပါတော့၊ အဲဒီ ကြားကာလမှာ ဗြဟ္မဏ တိဿဆိုသူပုန်ကြိးက(၁၂)နှစ် တိုင်တိုင် ထအုပ်ချုပ် လိုက်ပါတယ်၊ ဒီတော့ ပြည်သူတွေ ငတ်မွတ်ဆင်းရဲ၊ ရဟန်းသံဃာတွေလဲ အတိဒုက္ခရောက်၊ တစ်ချို့ကတော့ အိန္ဒိယ ဘက် ထွက်ပြေးကြပါတယ်၊ တချို့ရဟန်းတွော်တွေကျတော့ တောထဲ ပုန်းရှောင်ပြီး ပိဋကသုံးပုံကို ခက်ခက်ခဲခဲ ဆောင်ယူခဲ့ကြရပါတယ်။ တချို့ရဟန်းတော်တွေကျတော့ အသတ် ခံလိုက် ရတယ်လို့ ဆိုပါတယ်။
        အဲဒီအချိန်မှာ တစ်ခါက ယာဂုပူပူကို သပိတ်နဲ့ ခံယူခဲ့တဲ့ ကိုရင်လေးဟာ သက်တော် (၈၁) ၀ါတော်(၆၀)ရ ဆရာတော်ကြီး ဖြစ်နေသလို ခံခွက်ကလေးလှုခဲ့တဲ့ သာမဏေမလေးဟာ လဲ သက်တော်(၈၀)ရ ဘိက္ခူနီမကြီး ဖြစ်နေပါပြီ။
        အိန္ဒိယကို အစောဆုံး စစ်တိမ်းရှောင်သူတွေထဲမှာ စောစောက ဘိက္ခုနီမကြီးလဲ ပါ ပါတယ်၊ သူတို့ဟာ အိန္ဒိယ ရောက်နေပေမယ့် သူတို့ရဲ့ ဇာတိ သီဟိုဠ်စ်သတင်းကို အမြဲ နားစွင့် နေကြပါတယ်။
        ဒီလိုနဲ့ တစ်နေ့မှာ သီဟိုဠ်က ဆရာတော်ကြီးတစ်ပါး အိန္ဒိယကို စစ်တိမ်းရှောင် လာတယ် ဆိုတဲ့ သတင်းး ကြားလိုက်ကြပါတယ်။ ဒီတော့ ဆရာတော်ကြိးဆီကို ဇာတိ စစ်သတင်း သွား မေး ကြပါတယ်၊ သတင်းမေးသူတွေထဲမှာ ဘိက္ခုနီမကြီးလဲ ပါပါတယ်။
        လူတွေ ရှင်းသွားတော့ ဘိက္ခုနီမကြီးက ဆရာတော်ကြီးကို မေးခွန်းတစ်ခုမေးပါတယ်။
"ဆရာတော်ဘုရား၊ ငရုပ်သီးတစ်တောင့်ကျောင်း ရေစက်ချပွဲတုန်းက ဆရာတော်ဘုရား သက်တော် ဘယ်လောက် ရှိပါပြီလဲ ဘုရား"
        "အဲဒီ တုန်းက ငါ့အသက်က ခုနှစ်နှစ်အရွယ် ကိုရင်လေးပေါ့"
"အဲဒီကျောင်းရေစက်ချပွဲတုန်းက တပည့်တော်လဲ ခုနှစ်နှစ်အရွယ် သာမဏေမလေးပါပဲဘုရား၊
အဲဒီကျောင်း ရေစက်ချပွဲတုံးက တပကည့်တော် ကြုံခဲ့တာလေးကို ဆရာတော်ကို လျှောက် ပြ ရဦးမယ်ဘုရား၊ ကိုရင်လေး တစ်ပါးပေါ့၊ ယာဂု ပူပူကို အလှူခံလာပြီး သပိတ်ကို သင်္ကန်းစွန်းနဲ့ ကိုင်လိုက်၊ မြေပေါ်ပြန်ချထားလိုက်နဲ့ ဖြစ်နေပါတယ်ဘုရား၊ ဒါနဲ့ တပည့်တော်လဲ သူဆီသွားပြီး တပည့်တော်ရဲ့ ခံခွက်ကလေးကို သပိတ်အောက်က ခံဖို့ဆိုပြီး လှုလိုက်တယ်ဘုရား၊ ဒီအကြောင်းအရာလေးကိုတော့ ဒီနေ့အထိ မေ့လိုကို မရပါဘူးဘုရား"
ဘိက္ခုနီမကြီးဆီက စားကြားလိုက်ရတော့ ဆရာတော်ကြီးက ´အော်´ဆိုပြီး အာမေဍိတ် အသံနဲ့အတူ သက်ပြင်းကို မသိမသာခထလိုက်ပါတယ်၊ ပြီးတော့……
"အဲဒီ ကိုရင်လေးဟာ တစ်ခြားသူမဟုတ်ပါဘူး ငါပါပဲ" လို့ပြောပြီး အနှစ်နှစ် အလလက ကိုယ်နဲ့မခွဲမခွာ အမှတ်တရအဖြစ် သိမ်းဆည်းလာခဲ့တဲ့ ခံခွက်ကလေးကို အိတ်ထဲက ထုတ်ပြ လိုက်ပါသတဲ့ ။
        သက်တော်(၈၀)အရွယ် ဆရာတော်ကြီးနဲ့ ဘိက္ခူနီမကြီးတို့ဟာ နှစ်ပေါင်းခုနှစ် ဆယ်ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ ခံခွက်ကလေးကို နှစ်ဦးသား မှင်တက်မိစွာ စိုက် ကြည့် နေကြပါတယ်။
        ပြီးတော့ နှစ်ပေါင်း များစွာ ၀တ်ခဲ့တဲ့ အ၀တ်တွေကို တစ်ခြားအ၀တ်တစ်ခုနဲ့ လဲပြီး နှစ်ဦးသဘောတူ လက်ထပ် လိုက်ကြပါသတဲ့။
        တကယ်တော့ စာရေးဆရာတစ်ယောက်အနေနဲ့ ဒီစာစုလေးကို ဒီမှာတင် အဆုံး သတ်လိုက်ချင်ပါတယ်။ အဋ္ဌကထာမှာလဲ ဆရာ တော်ကြီးနဲ့ ဘိက္ခူနီမကြီးတို့ ရှေ့ဆက် ဘာဖြစ်သွားကြတယ်၊ လူ့ဘ၀မှာ ဘယ်လို လုပ်ကိုင် စားသောက်နေကြတယ်ဆိုတာ ဆက်ပြ မထားပါဘူး၊ လူ ထွက်သွားကြတယ်ဆိုတာ ဆက်ပြကမထားပါဘူး။ လူ ထွက် သွားကြ တယ် ဆိုတာနဲ့ပဲ  ဆုံးသတ်ထားပါတယ်၊ ဒါပေမယ့် ကိုယ်က ၀ိပဿနာ နယ်နိမိတ်အတွင်းမှာ ရောက်နေရတာ ဖြစ်လေတော့ ၀ိပဿနာ နွယ်တဲ့ အဘိဓမ္မာ သဘောလေးတစ်ခုကို သုံးသပ် ပြဖို့ တာဝန်က ရှိနေပြန်ပါတယ်၊ ဒါကြောင့် ၀ိပဿနာနွယ်တဲ့ အဘိဓမ္မာသဘောလေး တစ်ခု ကို သုံးသပ်ပြဖို့ တာဝန်က ရှိနေပြန်ပါတယ်၊  ဒါကြောင့် ၀ိပဿနာနွယ်တဲ့ အဘိဓမ္မာ သဘော လေး တစ်ခုကို ခပ်ကျဉ်းကျဉ်း သုံးသပ်ပြပါရစေဦး။
        ပုထုဇဉ်တိုင်းမှာ ကိလေသာတွေ ရှိနေတယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး
ကိလေသာ သုံးပါးရှိပါတယ်။
        ၁။ အနုသယ ကလေသာ၊
        ၂။ ပရိယုဋ္ဌာန ကိလေသာ၊
        ၃။ ၀ီတိက္ကမကိလေသာ၊ တဲ့
အနုသယကိလေသာဆိုတာ- ပဋိသန္ဓေတည်ကတည်းက ပါလာတဲ့ ကိလေသာပါ၊ သတ္တ၀ါတွေရဲ့ သန္တာန်မှာ အစဉ်သဖြင့် ကိန်းနေတဲ့ ကိလေသာပါ။
ပရိယုဋ္ဌာနကိလေသာဆိုတာက- အာရုံတစ်ခုကို တွေ့ပြီး ထကြွသောင်း ကျန်းလာတဲ့ ကိလေသာပါ။
ဒီကိလေသာသုံးပါးရဲ့ သရုပ်ကို ပေါ်လွင်သွားအောင် အထက်ကရေးပြခဲ့တဲ့ ၀တ္ထုလေး ကိုပဲ ပြန်အာရုံပြု ကြည့်ပါ။
        ဆရာတော်ကြီးနဲ့ ဘိက္ခုနီမတို့ဟာ ပဋိသန္ဓေ တည်ကတည်းက အနုသယကိလေ သာ တွေက ပါလာပြီး သားပါ။ သူတို့နှစ်ဦးရဲ့ သန္တာန်မှာ အနုသယကိလေသာ တွေ က အစဉ် သဖြင့် ကိန်းနေခဲ့ပါတယ်။
ဆရာတော်ကြိးက ဘိက္ခုနီမကြီးဆိုတဲ့ ၀ိသဘာဂ အာရုံကို တွေ့လိုက်တဲ့အချိန် ဘိက္ခုနီ မကြီးက ဆရာတော်ကြီးဆိုတဲ့  ၀ိသဘာဂ အာရုံကို တွေ့လိုက်ရတဲ့အချိန် ၊ အဲဒီ အချိန်မှာ အစဉ်သဖြင့် ကိန်းနေခဲ့တဲ့ ကိလေသာတွေက ထကြွသောင်းကျန်း လာပါတော့တယ် (လွန် ကျူးမှု အဆင့်အထိ တော့ မရောက်သေးပါဘူး) အဲဒီ ထကြွသောင်းကျန်းလာတဲ့ ကိလေသာ ကို ပရိယုဋ္ဌာနကိလေသာလို့ ခေါ်ပါတယ်။
နောက်ဆုံး ဆရာတော်ကြီးနဲ့  ဘိက္ခုနီမကြီးတို့ နှစ်ဦးသဘောတူ လက်ထပ် လိုက်ကြ တာကတော့ လွန်ကျူးခြင်းဆိုတဲ့ ၀ီတိက္ကမကိလေသာဖြစ်သွားတော့တာပါပဲ။
ဒီတော့ ဒီကိလေသာသုံးပါးကို ဘာနဲ့ တားမလဲ (ဒီနေရာမှာ ဘာနဲ့ ပယ်မလဲလို့ မသုံး လိုပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကိလေသာတွေကို ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ပယ်သတ်လို့ ရပါတယ်၊ အခုပြောနေတာက ပုထုဇဉ် သက်သက်မျှ အသွင်နဲ့ ပြောနေတာမို့ပါ)
စာဖတ်သူများ သိထားပြီးသားဖြစ်တဲ့ သိက္ခာသုံးပါး တားရပါတယ်။
၁။ ၀ီတိက္ကမကိလေသာကို သီလသိက္ခာနဲ့ တားရပါတယ်။ ကိုယ်အခွင့်သင့်ရာ သီလ တစ်ခုခုကို ဆောက်တည် ထားရင် လွန်ကျူးစရာ အာရုံတစ်ကို တွေ့ပေမယ့် သီလ ဆောက် တည်ထားတဲ့အတွက် မလွန်ကျူးဖြစ်တော့ပါဘူး။
၂။ ပရိယုဋ္ဌာနကိလေသာကို သမာဓိသိက္ခာနဲ့တားရပါတယ်၊  သမာဓိဖြစ်စေတဲ့ ကမ္မဋ္ဌာန်းလေးဆယ်ထဲက ကိုယ်နှစ်သက်ရာ ကမ္မဋ္ဌာန်းတစ်ခုခုနဲ့ တားလို့ရပါတယ်၊ ဥပမာ- ဗုဒ္ဓါနုဿတိ ပွားများနေမယ်ဆိုရင် စိတ်က ဘုရားဂုဏ်တော် ဆီမှာပဲ ရောက်နေတဲ့အတွက် ထကြွသောင်းကျန်းစရာ အာရုံ မတွှေရတော့ပါဘူး၊ ဒီတော့ ပရိယုဋ္ဌာနကိလေသာကို တား ပြီးသား ဖြစ်နေပါတယ်။
၃။ အနုသယကိလောကိုတော့ ၀ိပဿနာဆိုတဲ့ ပညာသိက္ခာနဲ့ တားရပါတယ်၊ ဆိုလို ချက်ကတော့ ကိလေသာသုံးပါးကို  သိက္ခာသုံးပါးနဲ့ တားဆီးရတဲ့သဘောပါ။
ဒီစာစုမှာ အဓိကပြောချင်တာက ၀ိပဿနာ သတိပဋ္ဌာန်ပါပဲ။
မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ် ပါဠိတော်မှာ- သတ္တာနံ ၀ိသုဒ္ဓိယာ ဧကာယနော မဂ္ဂေါ လို့ ဟောခဲ့ပါတယ်၊ အဓိပ္ပာယ်ကတော့ သတ္တ၀ါတွေ ကိလေသာ စင်ကြယ်ဖို့ နှစ်ကြောင်းမရှိတဲ့ တစ်ကြောင်းတည်းသော လမ်းစဉ်က ၀ိပဿနာသတိပဋ္ဌာန် လမ်းစဉ်ပါပဲတဲ့။
ဒါကြောင့် ကိလေသာတွေ စင်ကြယ်ဖို့အတွက် ၀ိပဿနာသတိပဋ္ဌာန် လမ်းစဉ်မှ တစ်ပါး…… ။
ကျန်းကိုး
၁။ မူလပဏာသ( ရထ၀ိနီသုတ်၊ နှာ-၅၀-၅၁)
၂။ မဟာဝင်(ကျီးသဲလေးထပ်ဆရာတော်)
၃။ သဂြိုဟ်ဘာသာဋီကာ(အရှင်ဇနကာဘိဝံသ)
                                                                  ရဝေနွယ်(အင်းမ)
မေတ္တာများဖြင့်
အရှင်သိရိန္ဒ
မေတ္တာဥယျာဉ်
http://www.ashinsirinda.com/
2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET