မိမိရဲ့ ကိုယ်, နှုတ်, စိတ်များကို ပညာမှန်ပြင်တွင်တင်ကာတင်ကာ ကောင်းမကောင်းကြည့်၍ မကောင်းလျှင် ကောင်းအောင်ပြင်ပေးရမည်(သပြေကန်ဆရာတော်)

အမေ့ရင်ခွင်

  မြန်မာစကားပုံ၌ “ ခလုပ်ထိမှ အမတသည်”ဟု ဆိုထုံးရှိသည်။ မိမိတို့ချမ်းသာရွှင် ပျနေချိန်တွင် မိခင်ကိုသတိမရ၊ တစ်စုံ တရာ ဒုက္ခနှင့် တွေ့ကြုံလာမှသာ မိမိအား ကြင်ကြင်နာနာ ပိုက်ပိုက်ထွေးထွေးဖြင့် ယုယနှစ်သိမ့်လေ့ရှိသော မိခင်ကိုတမ်းတ တတ်ကြသည်။ သတိရတတ်ကြသည်ဟု ဆိုလိုရင်းဖြစ်ပါသည်။

.

        အလားတူပင် ကျွနိုပ်တို့သည် ဒုက္ခဝေဒဟနာတို့နှင့် ရင်ဆိုင်မတွေ့ရသေးသော် တရားတည်းဟူသော မိခိင်ကို မေ့တတ်တတ်ကြသည်။ ဒုက္ခဝေဒနာတို့နှင့် နဖူးတွေ့ဒူးတွေ့ ဖြစ်လာသောအခါ၌ကား တရားတည်းဟူသော မိခင်၏ရင်ခွင် တွင် ခိုဝင်လာချင်ဝြကပေတော့သည်။

 

        စာရေးးသူ ဤသို့နိဒါန်းချီရာတွင် အကြောင်းရှိပါသည်။ စာရေးသူမှာ တူတော်မောင်တစ်ယောက် ရှိပေသည်။

 

     အသက်မှာ သုံးဆယ်ဝန်းကျင်သာဖြစ်၏။ အဖော်ကောင်းသည့်အခါ ယစ်ရွှေရည်လေးတမြမြဖြင့် ပျော်တတ်သေး၏။ မှုထမ်းရာထမ်းဆိုလျှင် ဤအရည်သောက်တတ်မှ ပေါင်းသင်းဝင်ဆန်ံသည်ဟု ထင်သည်လားမသိ။ အရွယ်ကလည်း ပျော်လို့ပါးလို့ ကောင်းတုန်း အရွယ်တည်း။

 

   တလောကမူ ခေါင်းထဲ၌ မူးနောက်နောက် ဖြစ်နေသဖြင့် ဆရာဝန်အား သွားပြရာ “ သွေးတိုးရှိကြောင်း” ပြောပြလိုက်၏။ ၀က်သားနှင့် အရက်ကို ရှောင်ရန် သတိပေး လိုက်၏။ စာရေးသ ကြုံတိုင်းကြုံတိုင်း အရက်မသောက်ရန် အာပေါက် မတတတ်ဟောခဲ့ ပြောခဲ့လှပြီ၊ သို့သော်လည်း မရ၊ အမောဆိုံရ ရုံသာရှိသည်။ ယခုမူ သွေးတိုးရှိသည်၊ အရက်သောက်လျှင် မြန်မြန်ကြွ လိမ့်မည်ဟု ဆရာဝန်က ဆိုသောအခါ အရက်ကိုပြန်စောင်းလို့မှ မကြည့်ရဲရှာ တော့ချေ။

 

        သူ့ထံသို့ စာရေးသူ မေးအမြန်ရောက်သွားသောအခါ “ဦးဇင်း- ကနေ့တပည့်တော်သံဃာတော်တွေကို ဆွမ်းသက်စေ့ လောင်းပါတယ်၊ အိမ်မှာ လည်း သံဃာတော်တွေပင့်ပြီး ပရိတ်တရားနာချင်ပါသေးတယ်” ဟု လျှောက်ရာ “ အိမ်း- ကောင်း၏ ကောင်း၏”ဟု စာရေးသူမှာ ၀မ်းမြောက်နုမော် သာဓုခေါ်ခဲ့ ရပေသည်။ ဤတွင် မြန်မာလူမျိုးတို့၏ ဘ၀ကိုလည်း တွေူးလိုက်မိပါသည်။

 

     လူတို့သည် ခလုတ်တိုက်မိသောအခါ မိမိအချစ်ဆုံး အတွယ်တာ ဆုံးဖြစ်သော မိခင်ကို အားကိုးတကြီး ဖြင့်တမ်းတမိကြသလို တစ်စုံတစ်ရာဒုက္ခနှင့် တွေ့ကြုံ လာသောအခါ တရားကိုသာ မိခင်သဖွယ် တွယ်တာကြသည်၊ အားကိုးကြသည်။ တရားသည်သာ မိမိတို့၏ မှီခိုရာ ထာက်တည်ရာဟု စွဲမြဲ ယုံကြည်သော လူမျိုးပေတည်းဟု ကောက်ချက်ချ မိလာပါသည်။

 

        လူ့ဘ၀တန်ဖိုး၊ မြန်မာပြည်၌ လူဖြစ်လာရသော မြန်မာ လူမျိုးတို့၏ တန်ဖိုးကို စဉ်းစားလိုက်လျှင် အလွန်ပင် အားရကျေနပ်ဖွယ်ကောင်းလှသည်။

 

  မြန်မာနိုင်ငံသည် ဗုဒ္ဓမြတ်စွာသာသနာတော်၏ ပွင့်လင်းစည်ပင်ရာ ပဋိရူပဒေသ အစစ်ဖြစ်သည်၊ သူတော်ကောင်း တရားတို့ မဆိတ်မသုဉ်း အမြဲကြားနာနိုင်သည့် နေရာလည်းမှန်သည်။

 

   လူပညာရှိ ရဟန်းပညာရှိ သူတော်ကောင်းတို့ကို အမြဲဆည်းကပ်ခိုဝင်နိုင်သည့် ဌာနလည်းဖြစ်သည်။ မကျင့်နိုင်သည် မလိုက်နာနိုင် သည်ထား၊ လူတိုင်း လူတိုင်း၌ အတန်အသင့် “တရားအသိ” မျိုးကား ရှိနေ ကြ သည်ချည်းပင် ဖြစ်သည်။

 

   ဤမျှ တရားအသိလေးရျိနေသည်ဆိုလျှင်ပင် လူတစ် ယောက် အဖို့ မဆိုး တော့ပြီ။ တစ်နေ့တ်စနေ့ တချိန်ချိန်၌ သူ့အတွက် အားထား ဖွယ် မျှောင်လင့်ဖွယ် အကျွတ်တရားရဖွယ်တို့ ဧကန်ရှိနေသည်သာ ဖြစ်ပါသည်။

 

        ဗုဒ္ဓမြတ်စွာသည် အရှင်ဒေ၀ဒတတ်သာသနာအတွင်းသို့ ၀င်ရောက်လာ သော အခါ ကြည်ကြည်ဖြူဖြူ ပင်လက်ခံလိုက်သည်။ဂိဇ္ဈဂုဋ်တောင်စောင်းမှ ကျောက်မောင်းဆင်၍ ဗုဒ္ဓမြတ်စွာအား သေကြောင်းကြံမည်ကို မသိ၍လောဟု မေးစရာရှိသည်။ မသိ၍မဟုတ်၊ ဧကန်သိတော်မူပြီးဖြစ်သည်။ နာဠာဂီရိ ဆင်ကြီးကို အရက်ကိုးမောင်းတိုက်၍ မိမိအားထိုး ထတ်စေရန် လွှတ်မည်ကို၎င်း၊ ဘုရားလုပ်ချင်ရှာသဖြင့် မသိဝိုးဝါး သံဃာ ကလေးများကို သွေးဆောင်ဖြား ယောင်းလျက် သံဃာသင်းခွဲမည်ကို၎င်း၊ သိတော်မူပြီးပင်ဖြစ်သည်။ ယင်းသို့ သိပြီးဖြစ်လျက် ယောက်ဖတော် ဒေ၀ဒတ်ကို အဘယ့်ကြောင့်သာသနာမှာ လက်ခံတော်မူလိုက်ပါသနည်း။

 

        ရှင်းပါသည်။ ဗုဒ္ဓမြတ်စွာကား သဗ္ဗညူဗုဒ္ဓအရာအားလုံးကို အကုန်သိမြင် ဘုရားရှင်သာလျှင်ဖြစ်သည်။ အရှင် ဒေ၀ဒတ်အတွက် “ နောက်ဆုံးနေ့ကိုမြျှော် ၍ ခွင့်ပြုတော်မူခြင်းသာ ဖြစ်သည်။ မှန်ပါသည်၊ အရှင်ဒေ၀ဒတ်ကား လူ့ဘ၀၌နေ လျှင်လည်း ဤသို့ဆိုးရွားသော လုပ်ငန်း ကြီးများကို အမှန်ပင်လုပ်ပေမည်။

 

    သာသနာ့ဘောင် ၀င်လျှင်လည်း မလွဲမသွေ လုပ်မည်သာဖြစ်သည်။ သို့သော် လူဝတ်ကြောင်ဘ၀ဖြင့် မသိလုံးလုံး ဗိတ်ဗိတ်တုံး မိုက်လုံးထွားခြင်းထက် သာသ နာမှာ ၀င်လျက် အထိုက်အလျောက် အသိတရား ရ၍ မိုက်မဲခြင်းကား တော်သေးသည်ဟု မြင်မြော်တော်မူ၍ သာသနာ့ဘောင် ၀င်ရောက်လာမှုကို ခွင့် ပြုတော်မူခဲ့ပေသည်။

 

        နောက်ဆုံး၌ ဘုရားလုပ်ချင်လွန်း၍ ဘုရားရှင်ကို နည်းမျိုးစုံဖြင့် သတ်ရာ တွင် ဗုဒ္ဓမြတ်စွာကား မသေသူသာလျင် ခြေကုန်လက်ပမ်းကျ၍ သေရာ ညောင် စောင်းထက်၌ ဗုံးဗုံးလဲတော့သည်။ ယင်းသို့လဲသောအခါတွင် သူမိုက် မဲမှု များအတွက် နောင်တရလေတော့သည်။

 

   “ငါ့အပေါ်၌၄င်း၊ သတ်မည်အားခဲ၍ ဓားဆွဲလိုက်သော အင်္ဂုလိမာလလူဆိုးကြီး အပေါ်၌၄င်း၊ သားတော်ဖြစ်သော ရာဟုလာအပေါ်၌၄င်း၊ ဗုဒ္ဓမြတ်စွာ၏ သဘောထားသည် မကွဲမပြား ကြေားသား ရင်သား မခြား သားတော်အလား ကဲသို့ပင် မေတ္တာပွားလျက် တန်းတူညီမျှသော စိတ်ထားရှာပေသည်တကား”ဟု မြင်လာသည်။

 

   ဤအသိ ဤအမြင်ကြောင့်ပင် အသက်ထွက်အံ့မူးမူး၌ သူ၏အသက်ကို ဗုဒ္ဓမြတ်စွာအား ပေးဆက်လှုဒါန်း သွားခဲ့လေသည်။ အသက်ကို ပေးလှုသွားသည့် သူ၏ဒါနသည်လည်းအချည်းအနှီးမဖြစ်ပေ။

 

    ဤ ဒါနကြောင့်ပင် နောင်အခါ၌ အရှင်ဒေ၀ဒတ်“ အဋ္ဌိဿရပေစ္စကဗုဒ္ဓါ ဘုရားငယ်တဆူ” ဖြစ်တော်မူပေလိမ့်မည်။ ဤသည်ကား မည်မျှပင် မိုက်ခဲ့မိုက်ခဲ့ တချိန်ချိန်၌ အသိတရားဝင်၍ မိမိဘ၀ မိမိအမှား ပြင် လိုက်လျှင် “ ဘ၀မျှော်လင့် ချက်” မဆုံးသေးကြောင်း သာဓကပင်ဖြစ်ပါသည်။

 

        တစ်ခါကလည်း စာရေးသူ၏ နောင်တော်တစ်ဦးသည် “ ကိုယ်ရောင်ရော ဂါ” စွဲကပ်ရာ တစ်နှစ် ကျော်ကျော်မျှ ဆေးထိုးယူရသည်။ ဆေးထိုးရလွန်းသဖြင့် တင်ပါးတွင် အပ်သွားရာချင်းထပ် နေသော်လည်း(သေမှာ ကြောက်ရှာလွန်း၍) မညည်းညူရဲရှာပါ။

 

    ဆရာဝန်က“ ဆားမစားရ”ဆိုသဖြင့်ဆားပါသော ဟင်းဆိုလျင် လက်ဖျားနှင့်မျှ မတို့ရဲရှာပေ။ ဤ နောင်တော်ကြီးပင် ကိုယ့်ရောင်ရောဂါ ရှင်းရှင်း ပျောက်သွား သောအခါ သေတွင်းမှ ထွက်လာရသူကဲ့သို့ သတိတရားရလျက် ဓမ္မ စကြာ မဟာသမယသုတ်တို့ကိုနေ့ညမပြတ်ရွတ်ဖတ် ပွားများလျက် ရှိလေတော့သည်။ ဆရာသမားတို့မိန့်ကြားခဲ့သော စကားလေး တစ်ခွန်းကို ပြေး၍ သတိရလိုက်မိ ပါ၏။

 

        “ လူတွေဟာ လက်တွေ့မတွေ့သေးလို့ဘဲ၊ လက်တွေ့တွေ့လာယင်တော့ တရားကျင့်ရမှာလဲ မခက်ဘူး၊ အစားခြုံးခြံရမှာလဲ မခက်ဘူး။ စာရေးသူသည် နောင်တော်ကြီး၏ အဖြစ်ကို၎င်း တူတော်မောင်၏ အဖြစ်ကို၎င်း ကြည့်ကာ သွေး ထွက်အောင် မှန်သည့် စပကားတစ်ခွန်းပေတကားဟု ဘ၀င်ကျမိရတော့သည်။

 

   လူတို့သည် တစ်စုံတစ်ရာ အကြပ်တရားများနှင့် ရင်မဆိုင်ရသေးလျင်ကား သက်သက်သာသာ ဖြစ်သလိုပင် ကြံဖန်၍ နေတတ်ကြသည်။ သို့သော် တကယ် အကြပ်အတည်းမျိုးနှင့် ရင်ဆိုင်တိုးရပြီ ဆိုလျှင်ကား သက်တောင့်သက်သာ ရေသာခို၍ မနေသာတော့ချေ။ ကိုယ်ရေးကြုံလျင် သက်လုံးကြေသည် မဟုတ် ပါလော။ ဘ၀ဆိုသည်မှာလည်း ကိုယ်တိုင်ထိတွေ့ ခံစားရမှသာ “ဘ၀နာ”သည်။ ကိုယ်တိုင် ထိတွေ့ခံစားရခြင်းမျိုး မရှိသေးလျှင်ကား ဘယ်နည်းနှင့်မျှ “ဘ၀မနာ” သေးချေ။

 

        ဤတွင် အိမ်ရှေ့စံ တိဿမင်းသားအကြောင်းကို အနည်းငယ်မျှ ဖေါ်ပြချင် သည်။ တိဿမင်းကား အသောက (သီရိဓမ္မာသောက)မင်းတရား၏ ညီတော် ဖြစ်သည်။ အိမ်ရှေ့ ဥပရာဇာ အဖြစ် မြှောက်စားထားသည်။ တစ်နေ့သော် တောကစားထွက်၍ လာရာာ သမင်အုပ်တစ်အုပ်ကို တွေ့ရလေ၏။ စိမ်းလန်းနု ဖတ်သော မြတ်ညွှန့်လေးများကို စားလျက် ခုန်ပေါက် မြူးဆော့နေကြသည်။

 

    အချို့က မြေပြင်တွင် ၀ပ်လှဲ၍ တရေးတမှေးလောက် မှိန်းနေကြသည်။  ဤြုမင်ကွင်းကို တွေ့လိုက်ရသော် သူ၏ နောင်တော် ဘုရင်ကြီးကို လှမ်းမြင် လိုက်၏။ အကုန်အကျများစွာဖြင့် ရဟန်းသံဃာတော်တွေအတွက် နေ့စဉ် ဆွမ်းကွမ်းဖြင့် ၀တ်ပြုနေသည်ကို မချင့်မရ ဖြစ်လိုက်၏။

 

        ကြည့်စမ်း… စိမ်းလန်းနုဖတ်သော မြက်ပင်လေးများကိုစားရသော တိရစ္ဆာန်များပင် ဤမျှမြူးပျှော်ခုန်လွှား ဆော့ကစားနေကြလျင် နောင်တော်ကြီး လှူလိုက်သည့် ဆွမ်းကွမ်းဘောဇဉ်တို့ကို မျိုးမျိုးမျက်မျက်ကလေး စားသုံးနေကြ ရသော ရဟန်းတို့သည် မည်သို့ရှိခေမည်နည်း၊ ဤ တိရစ္ဆာန်တွေ နှင်နှင်ပင် မြူး ပျော်အိပ်စားနေကြမည်သာတကား” ဟု တွေးလိုက်သည်၊ နန်းတော်သို့ ရောက် သော အခါ နောင်တော် အသောကဘုရင် ကြီးအား သူ၏ တွေးထင်ချက်ကို ပြော ကြားလေ၏။

 

        သာသနာတော်ကို လွန်စွာ ချစ်မြတ်နိုးသော အသောကမင်းကြီးခမျာ ဘ၀က်နှလုံး မရွှင်ပြုံးနိုင်ရှာတော့ဘဲ စိတ်ထဲ၌ ထိထိခိုက်ခိုက်ဖြစ်သွားရလေ သည်။ ညီတော်ကို အလွန်းလည်းချစ်သည်။ ထို့ကြောင့် မသတ်ရက်၊ အခြား တစ်စုံတစ်ယောက်သာ ဆိုလျင် လက်စွဲတော် သံလျက်ဖြင့် ထ၍ ခုတ်ပိုင်းလိုက်မည်လားမသိ။ ညီတော်ကို မှတ်သား လောက်အာင်တော့ ဆုံးမလိုက်ရမည်ဟုကား သိလိုက်သည်။ ထိုကြောင့် စိတ်ဆိုးဟန်ပြု၍----

 

        “ဒီမှာ ညီတော် ၇-ရက်တိတိ နန်းရပ်ကို လွှဲအပ်ထားမည်၊ စိတ်တိုင်းကျ ခံစားလော့၊ ၇ ရက် လွန်မြောက်လျှင် သင့်ကို သတ်ရမည်” ဟု ငြိမ်းချောက်လိုက် ပါသည်။ အိမ်ရှေ့ စံတော် ညီတော် တိဿခမျာ နန်းရပ်ကို လွှဲအပ်ထားသော် လည်း ၇ ရက်ကျော်လျင် အသတ်ခံရတော့မည် အရေးကိုသာ တွေးလျက် နန်း စည်းစိမ်တို့ကို စိုးစဉ်းမျှ မခံစားနိုင်ရှာတော့ပေ။ သေရမည့်အရေးကို တွေးလျက် တညိုးညိုး တမှိန်မှိန် တလိမ်တလိမ် လူးလွန့်၍ သာနေရှာ လေ၏။ အသောက မင်းတရားသည် ၇-ရက်စေ့မြောက်သောအခါ ညီတော်ကို ရှေ့တော်သို့သွင်း၍ “ ဘယ်နှယ်လဲ ညီတော် နန်းစည်းစိမ်ကို ပျော် ပျော်ကြီး ခံစားနိုင်ပါရဲ့လား” ဟု မေးရာ “သေရမည့် အရေးကိုသာ တွေးမြင်နေပါသော ကြောင့်တစက်ကလေးမျှ မခံစား နိုင်ပါ” ဟု ပြန်လည် ဖြေကြားလေသည်။

 

        “ဒီလိုဘဲ ညီတော်၊ ရဟန်းသံဃာတော်များဟာလဲ နေ့စဉ်နေ့တိုင်း သေခြင်းတရားကို ဆင်ခြင်ရှုပွား နေသူများ ဖြစ်တယ်၊ မပြောပလောက်တဲ့  ဆွမ်းကွမ်းအာဟာရလေး၌ မက်မော ခင်တွယ်ခြင်းမရှိကြပါဘူး”လို့ မိန့်ကြား လိုက်မှ ( ကိုယ်တွေ့ဖြစ်၍ ဘ၀နာလာပြီဖြစ်ရာ) ရဟန်းသံဃာတော်တို့ကို ကြည် ညို၍ သွားလေတော့သည်။

 

    သူသည် အိမ်ရှေ့ ဥပရာဇာဘ၀ကို စွန့်ပယ်၍ နောင်တော် အသောက မင်းကြီးအား ခွင့်ပန်လျက် တစ်ခါတည်းပင် ရစန်းဘ၀သို့ ကူးပြောင်းလိုက် ပေသည်။  တိဿမင်းသားကား အလွန်ချီးမွမ်းထိုက်သည့် ပြင် အားကျအတုယူ ဖွယ်ပင်ဖြစ်ပါသည်။ သူသည်အမှားကို မှားမှန်းသိသည်နှင့် အမှန်သို့ ရောက်အောင် လှမ်းထွက် နိုင်ခဲ့ပါသည်။

 

        ကျွန်ုပ်တို့သည် မိမိတို့၏ ပညာ ဥစ္စာ အာဏာတို့ကိုမှီ၍ မာန်မာန မောက်ကြွားတတ်ကြသည်။ မိုက်လုံးထွား တတ်ကြသည်။ မူးယစ်သောက်စား အပျော်အပါး၌ ခုံမင်တ်ကြသည်။

 

    သို့သော် “ရွယ်ဖျက်အိုခြင်း၊ သေမင်းသက်ဖဲ့၊  သနားမဲ့ကို၊ မိတ်ဖွဲ့မရ” ဆိုသကဲ့သို့ပင် အိုခြင်း၊ နာခြင်း၊ သေရခြင်းတရားတို့နှင့် မိတ်ဖွဲ့မရချေ။ တစ်နေ့နေ့ တစ်ချိန်ချိန်၌ ထို အို.နာ.သေ ဟူသော ခလုတ်တို့ဖြင့် တိုးမိတိုက်မိ ရမည်မလွဲပေ။ ထိုအခါမျိုးကျမှ မရှုနိုင်ဘ၀ဖြင့် ခလုတ်ထိမှ အမိတ နေ၍ အချည်းနှီးသာ ဖြစ်ရပေမည်။

 

     ထို့ကြောင့် “ ခလုတ်မထိ ဆူးမငြိ” မီ အချိန် ကောင်း အရွယ်ကောင်း စဉ်မှာပင် မိမိတို့၏ ဒေါသစွန်း မာနစွန်းတို့ကို ထိန်းချုပ် လျက် သူတော်ကောင်း တရားတည်းဟူသော “ အမိရင်ခွင်” ၌ ခိုဝင်မှေးစက်နိုင် ကြပါစေသတည်း။

 

        “ရန်သူဝိုင်းထား၊ ထိုယောင်္ကျားကား၊

        ပြေးသွားဘို့ရာ၊ လမ်းပေါက်သာလျက်၊

        ပြေးမထွက်၊ လမ်းတွက်မဟုတ်ချေ။   ။

                          

မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မေတ္တာဥယျာဉ်

http://www.ashinsirinda.com/                   

2013 - Ashin Sirinda
Hosting Donated By Daw Myint Myint Thein (San Francisco)
Design By Thant Zin@MIET